International News

(၆) ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၆) ကြိမ်မြောက်တရုတ်(ကူမင်း) ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

Last Updated:

() ကြိမ်မြောက်တရုတ်-တောင်အာရှကုန်စည်ပြပွဲနှင့် (၂၆) ကြိမ်မြောက်တရုတ် (ကူမင်း) ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့ Kunming Dianchi International Convention and Exhibition Center ၌ ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ (၁၉) ရက်နေ့နံနက်ပိုင်းတွင် Hybrid စနစ်ဖြင့် ကျင်းပရာ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ဗွီဒီယိုအမှာစကားပေးပို့ ပြောကြားခဲ့ပါသည်။

ယခုပြုလုပ်သည့် () ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲနှင့် (၂၆) ကြိမ် မြောက် တရုတ် (ကူမင်း) ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁၉) ရက်နေ့မှ (၂၂) ရက်နေ့အထိကျင်းပသွားမည်ဖြစ်ပြီး၊ မြန်မာ့ပို့ကုန်ပစ္စည်းများ တိုးမြှင့်တင်ပို့နိုင်ရန်အတွက်  မြန်မာနိုင်ငံကိုယ်စားပြုပြခန်းများ ပါဝင်ပြသလျက်ရှိသည့်အပြင် ကုန်စည်ပြပွဲနှင့်အတူ ၂၀၂၂ ခုနှစ် မဲခေါင်မြစ်ဝှမ်းဒေသခွဲ စီးပွားရေးစင်္ကြံ ပြည်နယ်/ တိုင်းအဆင့် ခေါင်းဆောင်များ ဖိုရမ်ကို ကျင်းပမည်ဖြစ်ရာ ဖိုရမ်တွင် စက်မှုဆိုင်ရာ ထုတ်လုပ်မှုကွင်းဆက်၊ ဒီဂျစ်တယ်စီးပွားရေး၊ ကုန်သွယ်မှု ချောမွေ့စေရေးနှင့် ဒေသတွင်းပေါင်းစည်းရေးကိစ္စတို့ကို ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

Category: International News